မော်လိုက်မြို့နယ်၌ သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေး ချင်းတွင်းမြစ်အတွင်း ဇာတ်တိုက်လေ့ကျင့်

မော်လိုက် သြဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ မိုးရာသီကာလ သဘာ၀ဘေးများ ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို သြဂုတ် ၂၇ ရက် နံနက်ပိုင်းက မြို့မဘုန်းတော်ကြီးကျောင်းရှေ့ ချင်းတွင်းမြစ်ကမ်းဘေးတွင် ပြုလုပ်သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး  ခရိုင်မီးသတ်ဦးစီးမှူး ဦးနိုင်ဇံ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ခွင့်ပြုချထားပေးသည့် စက်လှေများ ဖြင့် ချင်းတွင်းမြစ်အတွင်း အစုန်အဆန် မောင်းနှင်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
        
မော်လိုက်သားလေး