မော်လမြိုင်ကျွန်းမြို့ ကလေးစာပေပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း  ၂၂   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသော မော်လမြိုင်ကျွန်း မြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ  ၂ နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ မဟာဆောင် ခန်းမ၌ ကျင်းပသည်။

 

5

 

အခမ်းအနားတွင် (၂၆) မြို့နယ် ကလေးစာပေပွဲတော် ကျင်းပရေး ကော်မတီတွဲဖက် အတွင်းရေးမှူး ဦးလှမျိုးအောင်က အမှာစကားပြောကြာပြီး  ကလေးစာပေပွဲတော် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း ကူညီလှူဒါန်းကြသော မြို့မိမြို့ဖများ၊ အလှူရှင်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခြင်း၊ ကလေးစာပေပွဲတော်တွင် ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူ ကလေးငယ်များအား အသီးသီးဆုများ ပေးအပ်ခဲ့သည်။

 

အဆိုပါ မော်လမြိုင်ကျွန်းမြို့ ကလေးစာပေပွဲတော်သို့ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၀၈) အုပ်စုမှ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ(၂၇၀ဝ၀) ကျော် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ပြီး ပြိုင်ပွဲများအလိုက် ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၄၅) ဦးအား ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်မင်း(မြောင်းမြ)