မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မော်လမြိုင်ကျွန်း၊ စက်တင်ဘာ  ၂၅

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက မြတ်သာရွာမကျေးရွာနှင့် မြတ်သာရွာဝကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်နိုင်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက် ၁၀ နှစ် အထက်နှင့် အသက် ၁၈ နှစ်အထက် ၃ (က) ကျား၂ ဦး၊ မ ၃ ဦး၊ ၆ (က) ကျား၁၉ ဦး၊  မ ၂၈ ဦး၊ လဲလှယ် ကျား ၅ ဦး၊ မ ၁၄ ဦး၊ မိတ္တူ ကျား၂၉ ဦး၊ မ ၂၇ ဦး၊ စုစုပေါင်း  ကျား ၅၅ ဦး၊ မ ၇၂ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ‌ ထုတ်ပေးခဲ့သည်။

 

ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းလုပ်ငန်း ကို မြို့ပေါ်/ကျေးရွာအုပ်စု(၁၂၁) အုပ်စုအတွင်မှ (၃၈) အုပ်စုကွင်းဆင်းပြီးစီး၍ လူဦးရေ(၁၇၆၉)ဦး နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးထားနိုင်ခဲ့ပြီး ကျန်ရှိနေသည့်ရွာများသို့ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အောင်အောင် (ပြန်/ဆက်)