မော်လမြိုင်ကျွန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျ၍ နေအိမ်(၁)လုံး ပြိုကျပျက်စီး

မော်လမြိုင်ကျွန်း  ၃  မေ

 

မော်လမြိုင်ကျွန်းမြို့နယ်၌ ယနေ့ နံနက် ၁၀  နာရီခွဲက မြစ်ကမ်းပါး ပြိုကျမှုကြောင့် အမှတ် () ရပ်ကွက်ရှိ ဦးမင်းထိုက် (၃၀) နှစ်၏ နေအိမ် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။                         

 

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုဝင်များအား ၎င်းတို့ ဆွေမျိုးများ၏ နေအိမ်တွင် ခေတ္တတည်းခို နေထိုင်နိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးထားပြီး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှတာဝန်ရှိသူများက ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊  အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

အောင်အောင်(ပြန်/ဆက်)