မြောင်းဘောင်ကျောင်းတိုက်အတွင်းရှိ ကျောက်ဆင်းတုဘုရား(၄)ဆူ အခိုးခံရ

ခင်ဦး ၂၂ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်၊ မြောင်းဘောင်ကျောင်းတိုက်၊ စေတီကြီးဘုရားဝင်းအတွင်း မင်္ဂလာရာန်အောင်ဓမ္မာရုံရှိ ဉာဏ်တော်(၃)ပေ ကျောက်ဆင်းတုတော်ဘုရား (၄)ဆူ အခိုးခံရကြောင်း ဒီဇင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီက သိရှိရကြောင်း ဘဒ္ဒန္တအာစာရထံမှ သိရသည်။

 

181738

 

ကျောက်ဆင်းတုတော်ဘုရား (၄)ဆူကို ဓမ္မာရုံအတွင်းတွင် သံတံခါး၊ သစ်သားတံခါးတို့ဖြင့် နှစ်ထပ်ခတ်ထားပြီး ဆင်းတုတော်များကို အင်္ဂတေများဖြင့် တွဲထားကြောင်း၊ ဆရာတော်မှ ဓမ္မာရုံတံခါးကိုသော့ဖွင့်ရာ သော့ဖွင့်မရသဖြင့် သော့ဖျက်ဝင်ရကြောင်း၊ ဆင်းတုတော်များမှာ ဘယ်လက်သုံးဆူတန်းတွင် (၂)ဆူ၊ ညာဘက်သုံးဆူတန်းတွင် (၂)ဆူ ပျောက်ဆုံးနေကြောင်း၊ ဘုရားဝင်းတံတိုင်းကိုလည်း ဖျက်ဆီးထားကြောင်း၊ ဘုရားဆင်းတုတော် ပျောက်ဆုံးမှုကြောင့် ခင်ဦးမြို့ရဲစခန်းတွင် အသိပေးအကြောင်းကြားထားကြောင်း မြောင်းဘောင်ကျောင်းဆရာတော်၏ ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး) (ပြန်/ဆက်)