မောင်းမကန်အင်းအတွင်း လှေနစ်မြုပ်ရာ နှစ်ဦးသေဆုံး

စဉ့်ကူး ၁၉ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၊ ငွေတောင်ကျေးရွာအုပ်စု၊ ရွာတော်လေးကျေးရွာ၊ မောင်းမကန်အင်းတွင် ယနေ့ နံနက် ၉ နာရီခွဲက လှေတစ်စီး နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

နစ်မြုပ်မှုကြောင့် လှေပေါ်ပါရှိသူ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂) စုစုပေါင်း(၅)ဦးအနက် အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် စဉ့်ကူးမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၀ နာရီခွဲ အချိန်တွင် အမျိုးသား (၁)ဦး(သေဆုံး)၊ မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ် အချိန်တွင် အမျိုးသမီး ၁ ဦး(သေဆုံး)တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

#Myanmar Fire Service