မြောင်းမြတွင် Myanmar Fitness Dance သင်တန်း အခမဲ့ဖွင့်လှစ်မည်

 

မြောင်းမြခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ Fitness Dance သင်တန်းကို မြောင်းမြခရိုင် Communitu Centre ၌ အခမဲ့ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။

 

အဆိုပါ သင်တန်းသည် မြောင်းမြခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းပြ/ နည်းစနစ်မှူး ဒေါ်စုမြတ်သဲမှ ဒီဇင်ဘာ ၁၇ မှ ဒီဇင်ဘာ ၂၁ ထိ ညနေ ၄ နာရီမှ ၅ နာရီထိ အခမဲ့ သင်ကြားပို့ချ မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ အားကစား ဝါသနာရှင်များ အနေဖြင့် မြောင်းမြခရိုင် ပြန်/ဆက်ရုံး၊ လူထုအခြေပြု ဗဟိုဌာနတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

စန္ဒာမိုး(ပြန်ဆက်)