မောင့်ပယ်လီယာအသင်းကို နှစ်ဂိုးပြတ်နဲ့ ပီအက်စ်ဂျီအသင်း အနိုင်ရ

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ပထမတန်းပွဲစဉ်(၈)အဖြစ် စက်တင်ဘာ ၂၅ ရက် ညပိုင်းက မောင့်ပယ်လီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ မောင့်ပယ်လီယာအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ရာသီအစ ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို ဆက်ထိန်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

သွင်းယူပေးခဲ့ အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို ပွဲကစားချိန် ၁၄ မိနစ်မှာ ဒီမာရီယာဖန်တီးပေးတဲ့ ဘောလုံးကို ဂူအိုင်းက တစ်ဂိုးသွင်းယူပေးခဲ့ပြီး ကျန်တစ်ဂိုးကိုတော့ ပွဲကစား ချိန် ၈၉ မိနစ်မှာ ဒရက်ဇ်လာက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အခုနှစ်ဘောလုံးရာသီ ပြင်သစ်ပထမတန်း ပြိုင်ပွဲမှာ ရှစ်ပွဲကစားအပြီးမှာ ရှစ်ပွဲ စလုံး အနိုင်ရရှိခဲ့တာကြောင့် ရမှတ် စုစုပေါင်း ၂၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အမှတ်ပေးဇယားဒုတိယနေရာက မာဆေးလ်အသင်းဟာ နှစ်ပွဲလျော့အနေအထားမှာ ရမှတ် စုစုပေါင်း ၁၄ မှတ်ရရှိထားတာကြောင့် ပီအက်စ်ဂျီအသင်းက မာဆေးလ်အသင်းကို ၁၀ မှတ် ဖြတ်ပြီး ဦးဆောင်ထားတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လာမယ့်ပြင်သစ် ပထမတန်း ပွဲစဉ်(၉)အဖြစ် အောက်တိုဘာ ၃ ရက်မှာ ရင်းနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မတိုင်မီ စက်တင်ဘာ ၂၉ ရက်မှာ ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ငွေကြယ်