မောင်တောမြို့၌  ကိုဗစ်-၁၉ အတည်ပြု လူနာတစ်ဦး ထပ်မံသေဆုံး

မောင်တော   ဇူလိုင် ၁၀

                   

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ဇူလိုင် ၈ ရက်တွင်  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးသည်  မောင်တောပြည်သူ့ ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်၌ ဆေးကုသမှု ခံယူလျက်ရှိစဉ် ဆီးချို/သွေးတိုး ရောဂါအခံရှိမှုကြောင့် ဇူလိုင် ၁၀ ရက် နံနက်ပိုင်း တွင် သေဆုံးသွားကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ သေဆုံးသူသည် အသက် (၅၈) နှစ်ရှိပြီဖြစ်ပြီး  မောင်တောမြို့ သရက်အုပ်ကျေးရွာ အုပ်စု၌နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်)