မောင်တောမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး

မောင်တော ၈   မေ 

 

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က  မြို့မသားငါးဈေး၌ ပြုလုပ်ခဲ့ကြသည်။

 

963

 

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးမောင်ဝင်းနိုင်၊ ဒုတပ်ဖွဲ့မှူး ဦးချစ်ထူးခိုင်တို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်အေးသိန်းနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (ကိုဗစ်-၁၉) ရောဂါ ကာကွယ်ရေးနှင့် ပတ်သတ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ညွှန်ကြားချက်များကို  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်း၊ ဈေးရောင်း၊ ဈေးဝယ်သူ ပြည်သူများအား နှာခေါင်းစည်း Mask တပ်ဆင်ပေးခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ Hand Speaker ဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သော စနစ်တကျ လက်ဆေးကြောနည်းများ၊ နှာခေါင်းစည်း Mask တပ်ဆင်နည်းများအား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ယနေ့ဆောင်ရွက်ရာတွင် နှာခေါင်းစည်း Mask (၁၅၀ဝ) ခု၊ အသိပညာပေး လက်ကမ်းစာစောင် (၁၀ဝ၀) တို့အား ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ဖွဲ့မှူး ဦးချစ်ထူးခိုင်ထံမှ သိရသည်။

 

သက်လွင်စိုး (ခရိုင် ပြန်/ဆက်)