မောင်တောမြို့နယ်၌ AA အကြမ်းဖက်အဖွဲ့က အရပ်ဖက်မော်တော်ယာဉ်တစ်စီးအား မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ၇ ဧပြီ

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ AA အကြမ်းဖက်အဖွဲ့က ဧပြီ ၅ ရက်တွင် အရပ်ဖက်မော်တော်ယာဉ်တစ်စီးအား မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာနေ၊ ရေလုပ်ငန်းကုန်သည်တစ်ဉီးသည် စစ်တွေမြို့သို့ မော်တော်ယာဉ်တစ်စီးဖြင့် ဂဏန်းများတင်ဆောင်၍ သွားရောက်ရောင်းချပြီး အငူမော်-မောင်တော ကားလမ်းအတိုင်း ပြန်လာစဉ် ည ၈ နာရီခန့်တွင် မောင်တောမြို့နယ်၊ ကျီးကန်းပြင်(တောင်) ကျေးရွာတံတားအရောက်၌ ကားလမ်းပေါ်မှ မိုင်း ၁ လုံး ပေါက်ကွဲကာ မော်တော်ယာဉ်မှာ လမ်း၏ဝဲဘက်ရှိမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း။

 

၎င်းကုန်သည်မှာ ယာဉ်ပေါ်မှခုန်ဆင်း၍ ကျေးရွာဘက်သို့ထွက်ပြေးခဲ့ကြောင်း၊ ထိုအချိန်တွင် AA အကြမ်းဖက်သမား ၄ ဦးခန့်က မော်တော်ယာဉ်အား လက်နက်ငယ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း အနီးဆုံးနယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသို့ လာရောက်အကြောင်းကြားခဲ့၍ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးရာ မိုင်း/လက်နက်ငယ် ကျည်ထိမှန်ထားသော မော်တော်ယာဉ် တစ်စီး၊ ကားလမ်းပေါ်၌ အကျယ် ၈ ပေ၊ အနက် ၄ ပေခန့်ရှိ မြေကျင်းတစ်ကျင်း၊ ၎င်းအနီးမှ ၁၀ ပေခန့်ရှိ ဝါယာကြိုးတစ်ချောင်း၊ ကျည်ခွံ ၁ ခုတို့အားတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်