မောင်တောမြို့နယ်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွား(၁၀၆)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

မောင်တော  ၁၉  ဇန်နဝါရီ 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်းကို ဇန်နဝါရီ ၁၇ ရက်၊ ၁၈ ရက်နေ့များတွင်  မြို့ပေါ်ရပ်ကွက်များတွင် မြေပြင်ကွင်းဆင်း၍ သွားရောက်ပေးအပ်ခဲ့ကြသည်။ 

 

‌ေ

 

ထို့သို့ပေးအပ်ရာတွင်  ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်ခင်လှနွယ်နှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား(၄၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ်ခဲ့ကြပြီး ကျေးရွာများရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား(၆၆)ဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက သွားရောက်ပေး အပ် သွားမည်ဖြစ်သည်။ ယခု ပေးအပ်သော လူမှုရေးပင်စင်များမှာ ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်၊ ပထမ သုံးလပတ် (အောက် တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ)လများအတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)