မောင်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်း 

မောင်တော   ၃ မေ 

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့ နံနက် ၉ နာရီက မြို့ပေါ်နေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။ 

 

ထို့သို့ဆောင်ရွက်ရာတွင်  ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွန်ကြားရေးမှူး ဦးသန့်စင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်တို့ ဦးဆောင်၍ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခရိုင်စာရင်းစစ်ရုံး၊ မြို့နယ်စာရင်းစစ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့မဘုန်းတော်ကြီးကျောင်းတို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)