မောင်တောမြို့နယ်၌ ပေါက်ကွဲမှုဖြစ်ပွား၍ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ဒီဇင်ဘာလ ၁၀ ရက်၊ ညနေ(၄) နာရီအချိန်က လောင်းဒုံကျေးရွာမှ ငါးခူရကျေးရွာသွား မြေသားလမ်းနှင့် ကိုက်(၅၀၀) ခန့်အကွာ ဒိုးတန်းကျေးရွာ၏ အနောက်ဘက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်ပွားသည့်နေရာသို့ ငါးခူရကျေးရွာ နယ်မြေရဲစခန်းမှ ဒု−ရဲမှူးမောင်မောင်ရင် ဦးဆောင်သည့်တပ်ဖွဲ့ဝင်များအဖွဲ့သည် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာ လောင်းဒုံကျေးရွာမှ ငါးခူရကျေးရွာသွား မြေသားလမ်းနှင့် ကိုက်(၅၀၀)ခန့်အကွာ ဒိုးတန်းကျေးရွာအနောက်ဘက်နေရာတွင် ဒိုးတန်းကျေးရွာအုပ်စု၊ ဆင်တောင်ကျေးရွာ နေထိုင်သူ ကိုင်ပြယ်(၁၉)နှစ်နှင့် ဘာပေါ(၂၀)နှစ်တို့ နှစ်ဦးသည် ငါးရှာဖွေစဉ် မြေကြီးအတွင်းမှ အရာဝတ္ထုတစ်ခုအား တွေ့ရှိတူးဖော်ခဲ့သည်။

 

၄င်းမိုင်းအား ထုရိုက်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကိုင်ပြယ်၏ မျက်နှာမီးလောင်ဒဏ်ရာ၊ ဝဲဘက်လက်အရေပြားစုတ်ပြဲဒဏ်ရာ (မစိုးရိမ်ရ)နှင့် ဘာပေါ၏ ဆံပင်မီးလောင်၊  ဝဲဘက်ခြေသလုံး စုတ်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒဏ်ရာရရှိသူ  နှစ်ဦးအား မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလျက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)