မောင်တောမြို့တွင် အသက်မွေးကျောင်း အထောက်အကူပြု ဇာထိုး၊ ပန်းထိုးသင်တန်းဖွင့်

မောင်တော  ၂၇  ဒီဇင်ဘာ

အသက်မွေးကျောင်း အထောက်အကူပြု ဇာထိုး၊ ပန်းထိုး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် မောင်တောမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဇာထိုး၊ ပန်းထိုး အတတ်ပညာများ တတ်မြောက်ခြင်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ကိုင်နိုင်ခြင်း၊ ကျေးလက်နေ တိုင်းရင်းသူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ယူကြမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)