မောင်တောမြို့တွင် ကျောင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေနှင့် ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကျင်းပ

မောင်တော ၁၆ ဇူလိုင် 

 

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေနှင့် ပညာသင် ထောက်ပံ့ကြေးဆိုင်ရာ မြို့နယ် အဆင့်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မောင်တော မြို့ အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် ကျင်းပသည်။ 

 

အခမ်းအနားတွင် မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်နှင့် ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်နုတို့က အမှာစကားပြောကြားသည်။

 

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မောင်တောမြို့ ရပ်ကွက်(၃)မှ အလယ် တန်းပြဆရာမ ဒေါ်ခင်ဌေးသိန်းက “ကျောင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေနဲ့ ပညာသင် ထောက်ပံ့ကြေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲမှာ တင်ပြတဲ့အပိုင်းနဲ့ လက်တွေ့ ဆောင်ရွက်နေတဲ့အပိုင်း ကွာဟမှုတွေကို တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ 

 

နောက်ပြီးတော့ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးသုံးစွဲတဲ့ အခါမှာ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဦးတည်ချက်တွေ လွဲမသွားအောင် ဘယ်လို သုံးရမယ်ဆိုတာကို လမ်းညွှန်ပေးပါတယ်။ အရင်တုန်းကတော့ ကျောင်းသား မိဘ တွေဆီက ကောက်ခံပြီးတော့ ကျောင်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်ရပါတယ်။ 

 

နိုင်ငံတော်အစိုးရက သီးသန့်သတ်မှတ်ပေးပြီး အခုလိုမျိုးသုံးရတဲ့ အခါကျတော့ ကျောင်းမှာ မလိုအပ်တဲ့နေရာတွေမှာ လျော့သုံးပြီး အမှန်တကယ် လိုအပ်တဲ့နေရာ တွေမှာ ပိုပြီးသုံးဖြစ်ပါတယ်။ အခုကျတော့ သက်ဆိုင်ရာကျောင်းအုပ်တွေရဲ့ တစ်ဦး တည်းစိတ်ကူးမဟုတ်ဘဲနဲ့ ဆရာ ဆရာမတွေ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့တွေ၊ ကျောင်းသားမိဘတွေနဲ့ အားလုံးစုပေါင်းလုပ်တဲ့အခါတော့ ကျောင်းဖွံ့ဖြိုးတိုး တက်ရေး အတွက် ထိရောက်မှုရှိပြီး ကျောင်းလည်း  ပိုပြီးအသက်ဝင်လာပါတယ်” ဟု ပြောသည်။

 

အဆိုပါဆွေးနွေးပွဲသို့ မောင်တောမြို့နယ်အတွင်းမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး လူမှုရေးရာ ဆန်းစစ်ချက်များ၊ ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ အချက်အလက်များ၊ ငွေစာရင်းရေးဆွဲနည်းနှင့် တိုင်ကြားစာများ လျော့နည်းမှုအတွက် အကြံပေးစာတိုက်ပုံးများ ထားရှိနည်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ ကာလမှာ သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

မောင်တောမြို့နယ်တွင် အထက ခုနစ်ကျောင်း၊ အထက(ခွဲ) ကိုးကျောင်း၊ အလက တစ်ကျောင်း၊ အလက(ခွဲ) ၁၃ ကျောင်း၊ မူလွန် ၉၅ ကျောင်း၊ အမက ၃၈ ကျောင်း၊ အမက(ခွဲ) ၂၂ ကျောင်း စုစုပေါင်း ၁၈၅ ကျောင်းရှိပြီး လက်ရှိတွင် စာသင်ကျောင်းပေါင်း ၁၀၉ ကျောင်း ဖွင့်လှစ်သင်ကြားကာ ကျောင်းသား ကျောင်းသူ ဦးရေ စုစုပေါင်း (၆၀ဝ၀ဝ) ကျော်ခန့်ရှိကြောင်း သိရသည်။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာသင်ယူမှုအခွင့်အလမ်းများ မြင့်မားရေး၊ ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်မှုအရည်အသွေး မြင့်မားရေးကို ဦးတည်၍ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကို ကဏ္ဍ ၉ ရပ် သတ်မှတ်ဖော်ထုတ်ပြီး ဦးစားပေးလုပ်ငန်း ၁၂ ရပ် ချမှတ်ကာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိရာ ပညာသင်ယူမှုအခွင့်အလမ်းများ ရရှိရေးအတွက် ကျောင်းနေ အရွယ် ကလေးအားလုံး မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ပညာရေး အဆင့်တိုင်းတွင် မည်သည့်ခွဲခြားမှုမှမရှိရေး၊ ကျောင်းထွက်သူမရှိစေရေး၊ ကျား၊ မ တန်းတူညီမျှမှုရှိ ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများ လူသားကောင်းများဖြစ်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သူ များဖြစ် စေရန်နှင့် တီထွင်ဆန်းသစ် ဆောင်ရွက်နိုင်စွမ်းရှိသူများ ဖြစ်လာစေရန်အတွက် ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်း၊မင်းသစ်(MNA)၊ကိုမင်း/ဓာတ်ပုံ၊မင်းမင်း