မောင်တော၌ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်

မောင်တော  ၁၄    ဇန်နဝါရီ    


သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် မောင်တောခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းကို မောင်တောခရိုင်အတွင်း သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို လျင်မြန် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင်မှ ပြောသည်။


အဆိုပါ သင်တန်းကို ဇန်နဝါရီ ၁၄ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ် နှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချသွားမှာဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၃၅ ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။


သက်လွင်စိုး(ပြန်/ဆက်)