ရန်ကုန် ၁၇ နိုဝင်ဘာ
(၇)ကြိမ်မြောက် Memory နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၅ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့်ဖြစ်ရာ မြန်မာရုပ်ရှင်ဇာတ်ကားများ အပါအဝင် နိုင်ငံတကာမှ ခေတ်အလိုက် ယဉ်ကျေးမှုကို သရုပ်ဖော်ထားသည့် ရုပ်ရှင်ဇာတ်ကားပေါင်း (၆၂)ကား ပြသသွားမည်ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားများကို ယမန်နေ့ ညနေပိုင်းက မဟာဗန္ဓုလပန်းခြံတွင် ပြသလျက်ရှိရာ City Lights by Charlie Chaplin ဇာတ်ကား အပါအဝင် ဟာသဇာတ်ကားများ၊ ဒရာမာ၊ ထိတ်လန့်ချောက်ချားဖွယ်ရာ ဇာတ်ကားများ၊ အချစ်ဇာတ်ကားများကို ပြသခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)
Related Articles