မြေငလျင်သတင်းထုတ်ပြန်ချက်

၃ ဧပြီ

မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၅)မိနစ်၊ (၃၂)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တနိုင်းမြို့၏ အရှေ့တောင်ဘက် (၂၆)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၆.၀၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၀၂)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။