မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၂၂) မိနစ်၊ (၂၈) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၅၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကာမိုင်းမြို့၏ အနောက်တောင်ဘက် (၁၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၃၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၉)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

Ref; မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန