မြေထိန်းနံရံပြုလုပ်ရန်အတွက် မြေကြီးတူးဖော်စဉ် မြေပြိုပြီးလူတစ်ဦးသေဆုံး 

ဘောဂလိ  ၁၃  ဇွန် 

 

ကရင်ပြည်နယ် ဘားအံခရိုင် တောင်ငူမော်ချီးကားလမ်း မိုင်တိုင်အမှတ်  ၃၆/၃ အနီးတွင် ဘောဂလိမြို့ လမ်းဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဦးဂျိုးမှ နေ့စားဖြင့် ငှားရမ်းထားသော အလုပ်သမား (၁၂)ဦးသည် လမ်းမြေထိန်းနံရံ ပြုလုပ်ရန်အတွက် မြေကြီးများအား ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်က တူးဖော်ခဲ့သည်။

 

အဆိုပါ မြေကြီးများ တူးဖော်နေစဉ် မြေပြိုကျလာပြီး လမ်းလုပ်သား သက်နိုင်ဦး၏အပေါ်သို့ မြေပိခဲ့သဖြင့် ပါးစပ်မှ သွေးထွက်ဒဏ်ရာရရှိ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှ သေဆုံးသူကို ဘောဂလိတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နယ်မြေရဲစခန်းမှ သေမှုသေခင်းအရ ဖွင့်လှစ်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

 

ဘောဂလိ(ပြန်/ဆက်)