“မေတ္တာစံအိမ်” Coffee Shop ဆိုင်ဖြင့်သက်မွေးဝမ်းကျောင်းလက်တွေ့အထောက် အကူအဖြစ်ဖွင့်လှစ်

ရန်ကုန် ၁၁  ဖေဖော်ဝါရီ

 

ရန်ကုန်မြို့မရမ်းကုန်မြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းတွင် ဖွင့်လှစ်ထားသော မသန်စွမ်း သက်ငယ်သင်တန်းကျောင်းတွင် အသက်(၆)နှစ်မှ(၁၈)နှစ်အတွင်း ဉာဏ်ရည်မသန်စွမ်းသော ကလေးငယ်များ အနာဂါတ်တွင် လူမှုအသိုက်အဝန်း၌ တစ်ပြေးညီနေထိုုင်နိုင်၍ အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုဖြင့် အထောက်အကူဖြစ်စေရန် “မေတ္တာစံအိမ်” Coffe e Shop ဆိုင်ဖွင့်လှစ်၍ လက်တွေ့သင်ကြားပေးလျက်ကြောင်း သိရသည်။

 

 “ကျောင်းထဲမှာပဲ ကော်ဖီဆိ်ုင်လေးဖွင့်ထားပေးတာပါ။ ဒီကျောင်းမှာရှိတဲ့ ကလေးတွေ အပြင်မှာအလုပ်အကိုင် အခွင့်အလမ်းရဖို့ရည်ရွယ်ပြီး ဖွင့်တာပါ။ ကော်ဖီတစ်ခွက်ဘယေ် လာက်၊ အာလူးကြော်တစ်ထုပ် ဘယ်လောက်ဆိုတာသိအောင်၊ ငွေကိုဘယ်လိုတွက်ရတယ်ဆိုတာကအစ သင်ကြားပေးထားပါတယ်။ ဖေဖော်ဝါရီ တတိယပတ်ကစပြီး ဖွင့်ခဲ့တာပါ။ကလေးတွေသက်မွေးဝမ်းကျောင်းပညာနဲ့ ဘဝရပ်တည်နိုင်အောင်ပြုစုပျိုးထောင်ပေးတာ ပါ။ အပြင်မှာ အဆင့်မြင့် ကော်ဖီဆိုင်ဖွင့်ဖို့လည်း အစီအစဉ်လည်းရှိပါတယ်” ဟု သင်တန်းကျောင်း၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီမာတင်က ပြောသည်။

 

မရမ်းကုန်း မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၄ ဝ)ဦးရှိပြီး ကိုယ်အင်္ဂါမသန်စွမ်းနှင့်ဉာဏ်ရည်မသန်စွမ်းဟူ၍ရှိကာ အများစုမှာဉာဏ်ရည် မသန်စွမ်းသူများဖြစ်ရာ ကိုယ်အင်္ဂါမသန်စွမ်းသော်လည်း ဉာဏ်ရည်သန်စွမ်းသောကလေးငယ်တို့အား အခြေခံ မူလတန်းပညာမှ ဆက်လက်ပညာသင်ကြားပေးလျက်ရှိပြီး ဉာဏ်ရည်မသန်စွမ်းသော ကလေးငယ်များကိုလည်း အရေး၊ အဖတ် အထူးသင်ကြားမှုဖြင့် သင်ကြားပေးလျက်ရှိသည်။

 

ဉာဏ်ရည်မသန်စွမ်းသော ကလေးငယ်များအား နေ့စဉ်လုပ်ဆောင်ရမည့်အလုပ်များ ကိုသင်ကြားပေးပြီး အိမ်မှုကိစ္စ များကိုလည်း အခြားသူများနှင့်တန်းတူ သိရှိလုပ်ကိုင်နိုင်ရန်သင်ကြားပေးထားရာ ကော်ဖိီဆိုင်တွင် ဧည့်သည်အား မေးမြန်းသူ၊ ဝန်ဆောင်မှုပေးသူ၊ငွေသိမ်းသူတို့ဖြင့် ပြင်ပတွင် သက်မွေးဝမ်းကြောင်းလုပ်ကိုင်နိုင်ရန် လက်တွေ့သင်ကြားပေး လျက်ရှိသည်။

 

TH 002 11219

 

မသန်စွမ်းသက်ငယ်သင်တန်းကျောင်းအား မနက်(၉)နာရီခွဲမှ ညနေ(၃)နာရီ(၁၅)မိနစ်အထိ ကျောင်းချိန်သတ်မှတ်ထားပြီး လက်မှုပညာများအဖြစ် တစ်ရှုးသေတ္တာ၊ သော့ချိတ်၊ ပန်းကန်ဆေးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ သိုးမွှေးထိုး၊ လက်ကောက်၊ ဆွဲကြိုးပြုလုပ်နည်းတို့ကို သင်ကြားပေးလျက်ရှိသည်။

 

မသန်စွမ်းသက်ငယ်သင်တန်းကျောင်းသို့ ပြင်ပမှ မသန်စွမ်းကလေးများ လာရောက်လိုသူများလည်းရှိပြီး လက်ရှိတွင် သင်တန်းကျောင်းရှိ ကလေးများကိုသာ လက်တွေ့သင်ကြားမှုဖြင့် စံပြအဖြစ် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိသူများ ပေါ်ထွန်းလာစေရန် လက်တွေ့သင်ကြားပေးလျက်ရှိကာ မသန်စွမ်းလူငယ်များအနာဂါတ်တွင် အသက်မွေးဝမ်းကြောင်းဖြင့် ဘဝရပ်တည်နိုင်ရန် “မေတ္တာစံအိမ်” ကော်ဖိီဆိုင်အား အသက်မွေးဝမ်းကြောင်း လက်တွေ့အထောက်အကူအဖြစ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

သန်းထိုက်

 

ဓာတ်ပုံ-သစ္စာ