မြေယာရှာဖွေရေး ဂြိုဟ်တုတစ်စင်း ထပ်မံလွှတ်တင်လိုက်သည့် တရုတ်

ကျို့ချန်း ၁၈ မတ်

 

မတ်လ ၁၇ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၀ မိနစ်က တရုတ်နိုင်ငံ အနောက်မြောက်ဘက်၊ ဂိုဘီ သဲကန္တာရထဲရှိ  ကျို့ချန်း ဂြိုဟ်တု ပစ်လွှတ်ရေးစင်တာကနေ မြေယာရှာဖွေရေး ဂြိုဟ်တု တစ်စင်းကို ထပ်မံ ပစ်လွှတ်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။

 

၎င်းအမျိုးအစား ဂြိုဟ်တု ပစ်လွှတ်မှုဟာ ယခုအကြိမ်အပါအဝင် လေးကြိမ်ရှိပြီဖြစ်ပြီး မြေသယံဇာတ ရှာဖွေရေးအတွက် ဦးတည်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဂြိုဟ်တုကို Long March-2D  အမည်ရှိ ဒုံးပျံနဲ့ အာကာသ ပတ်လမ်းထဲကို ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဂြိုဟ်တု လွှတ်တင်မှုတွေမှာ Long March-2D ဒုံးပျံနှင့် ပစ်လွှတ်မှုပေါင်း ၂၆၈ ကြိမ် ရှိပြီဖြစ်ကြောင်းလည်း သိရပါတယ်။

 

MDN

ကိုးကား - ဆင်ဟွာ