MFF Warrix Futsal  Cup 2019 (MDY) ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မန္တလေး  ၂၉  ဇွန် 

 

MFF Warrix Futsal  Cup 2019 (MDY) ပြိုင်ပွဲဖွင့်ပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိဘက်စုံသုံး အားကစားရုံတွင် ယနေ့ နံနက် ၈ နာရီ က ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အဖွင့်အမှာစကားပြောပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် ကစားသမား များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားသော GV Athletic အသင်း နှင့် Dream Team အသင်းတို့ အား ကြည့်ရူ့အားပေးသည်။

 

အဆိုပါ MFF Warrix Futsal  Cup 2019 (MDY) ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၄၁)သင်းဖြင့် ဇွန် ၂၉ ရက် မှ ဇူလိုင် ၁၆ ရက်ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ ချန်ပီယံဆုရရှိသည့်အသင်းအား ဆုဖလား၊ တစ်ဦးချင်း ဆုတံဆပ်နှင့် ဆုကြေးငွေကျပ်သိန်း(၃၀)၊ ဒုတိယအသင်းအား တစ်ဦးချင်းဆုတံဆပ်နှင့် ဆုကြေးငွေကျပ်သိန်း(၂၀)၊ တတိယရရှိသည့်အသင်းအား တစ်ဦးချင်းဆုတံဆပ်နှင့် ဆုကြေးငွေကျပ်သိန်း(၁၀)နှင့်  စတုတ္ထရရှိသော အသင်း အား ဆုကြေးငွေကျပ်(၅)သိန်း တို့ချီးမြှင့်သွားမည်ဖြစ်ပြီး  အသန့်ရှင်းဆုံးအသင်းဆု၊ အကောင်းဆုံးကစားသမားဆု နှင့်အကောင်းဆုံးဂိုးသမားဆုများလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)