MFF ယူ-၁၄ ပြိုင်ပွဲတွင် မန္တလေးနှင့် ကရင် ဗိုလ်လုပွဲတက်

၂၆ နိုဝင်ဘာ

 

မျိုးဆက်သစ် ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသည့်  MFF 100 Plus Cup Boy's ယူ-၁၄ တိုင်းဒေသကြီးနှင့် ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းက သုဝဏ္ဏ မြက်ခင်းတုကွင်း၌ ကျင်းပခဲ့ပြီး မန္တလေးနှင့်  ကရင်အသင်းတို့ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။

 

နံနက်ပိုင်းက ကျင်းပသည့်ပွဲတွင် မန္တလေးအသင်းက တနင်္သာရီအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ညနေပိုင်းပွဲစဉ် မွန်နှင့် ကရင်အသင်းတို့ပွဲတွင် ပွဲချိန်အတွင်း နှစ်ဂိုးစီ သရေကျနေ၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ ကရင်အသင်းက သုံးဂိုး-နှစ်ဂိုး စုစုပေါင်း ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ဗိုလ်လုပွဲကို နိုဝင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မန္တလေးအသင်းနှင့် ကရင်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း