MFF ယူ-၁၄ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပြီးဆုံး

mdn

မျိုးဆက်သစ် ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေး ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသည့်  MFF 100 Plus Cup Boy's ယူ-၁၄ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပသည်။

 

 နောက်ဆုံးနေ့တွင် ရခိုင်အသင်းက စစ်ကိုင်းအသင်းကို ငါးဂိုး-ဂိုးမရှိ၊ ကရင်အသင်းက တနင်္သာရီအသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ ကယားအသင်းက ရှမ်းအရှေ့အသင်းကို သုံးဂိုး-နှစ်ဂိုး၊ မန္တလေးအသင်းက ရှမ်းမြောက်အသင်းကို ခုနစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။

 

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က) မှ မန္တလေးနှင့် မကွေးအသင်း၊ အုပ်စု (ခ) မှ ရန်ကုန်နှင့် မွန်အသင်း၊ အုပ်စု (ဂ) မှ ဧရာဝတီနှင့် ရှမ်းတောင်အသင်း၊ အုပ်စု (ဃ) မှ ကရင်နှင့် တနင်္သာရီအသင်းတို့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။ ကွာတားဖိုင်နယ်ပွဲစဉ်များကို နိုဝင်ဘာ ၂၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မန္တလေးနှင့် ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီ၊ မွန်နှင့် မကွေး၊ ကရင်နှင့် ရှမ်းတောင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


ရဲရင့်ရှိုင်း