MFF ယူ-၁၄ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ကျင်းပ

၂၄  နိုဝင်ဘာ 

မျိုးဆက်သစ် ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေး ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသည့်  MFF 100 Plus Cup Boy's ယူ-၁၄ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ မန္တလေး၊ တနင်္သာရီ၊ မွန်နှင့် ကရင်အသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

ကွာတားဖိုင်နယ်ပွဲများတွင် မန္တလေးအသင်းက ရန်ကုန်အသင်းကို သုံးဂိုး-ဂိုးမရှိ၊ တနင်္သာရီအသင်းက ဧရာဝတီအသင်းကို ငါးဂိုး-နှစ်ဂိုး၊ မွန်အသင်းက မကွေးအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ကရင်အသင်းက ရှမ်းတောင်အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မန္တလေးအသင်းနှင့် တနင်္သာရီအသင်း၊ မွန်အသင်းနှင့် ကရင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း