မဟာအောင်မြေမြို့နယ်အတွင်း အဆောက်အဦဆောက်လုပ်ရန် မြေကျင်းတူးရာမှ ဗုံးသီးအဟောင်းတစ်လုံးတွေ့ရှိ 

မန္တလေး ၂၉  ဒီဇင်ဘာ

 

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အရှေ့ရပ်ကွက်၊ ၃၉×၄၀ လမ်းကြား၊ ၈၁ လမ်း၊ အကွက်(၅၂၀)ရှိ နေအိမ်တစ်အိမ်တွင် အဆောက်အဦဆောက်လုပ်ရန် မြေကျင်းတူးရာမှ ဗုံးသီးအဟောင်းတစ်လုံး တွေ့ရှိကြောင်း သိရသည်။ 

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က အဆောက်အဦဆောက်လုပ်ရန် လုပ်သားတစ်ဦးမှ မြေကျင်းတူးစဉ် အနက် ၂ ပေခွဲခန့်အရောက်တွင် အရှည် ၁၂ လက်မ၊ လုံးပတ် ၁၁ လက်မ၊ ဒလက် ၆ ခုပါ သံချေးတက်နေသည့် ဗုံးသီးဟောင်း ၁ လုံးကို တွေ့ရှိသဖြင့် အမှတ်(၉) နယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ရာ နယ်ထိန်းခေါင်းဆောင်နှင့် အဖွဲ့မှ လာရောက်စစ်ဆေးခဲ့သည်။

 

ထို့နောက် အမှတ်(၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ ဆက်လက်အကြောင်းခဲ့ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေး၍ အဆိုပါဗုံးသီးဟောင်းအား စနစ်တကျ သိမ်းဆည်းသွားကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)