မဟာအောင်မြေမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

mdn

နေပြည်တော် ၁၆ နိုဝင်ဘာ

 

မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီက မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်(အနောက်)ရပ်ကွက်၊ ပေါ်တော်မူ ဘုရားဝင်းအတွင်း တွေ့ရှိသူ မြတ်မင်းဦးအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

 

ဆက်လက်၍ သံလျက်မှော် (အနောက်)ရပ်ကွက်၊ ပေါ်တော်မူဘုရား အရှေ့ပေါက်အနီးရှိ ၎င်းနှင့်အတူ‌နေ ဝင်း‌နောင် (ခ) ကို‌နောင်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၈၀ နှင့် မြန်မာငွေကျပ် ၂၀၇၀၀၀ တို့ကိုထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် မြတ်မင်းဦး (၂၃)နှစ်၊ ဝင်းနောင်(ခ)ကိုနောင် (ဖမ်းမမိသေး)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

 

ရဲပြန်ကြား