မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၃၀ဝ၀ဝ ဝန်းကျင်ရှိ 

မန္တလေး ၂ ဇွန် 

 


မဟာမုနိရုပ်ရှင်တော်မြတ်တွင် ယခုဘဏ္ဍာရေးနှစ်အတွင်း ဘုရားရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၃၀ဝ၀ဝ ဝန်းကျင်ရှိကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ 

 


၂၀၁၈ ခုနှစ်တွင် မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားရန်ပုံငွေမှာ ကျပ်သိန်းပေါင်း ၁၂၆၀ဝ၀ ကျော်ရှိပြီး တင်ဒါရရှိငွေ၊ အလှူရှင်များမှ လှူဒါန်းငွေများမှ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

 


"တင်ဒါကတော့ တင်ဒါသတ်မှတ်ကြေးရှိတဲ့အတွက် သိန်း ၈ ထောင်ကျော်ရှိတယ်။ လှူဒါန်းငွေကတော့ ဘုရားဖူးများရင် ပုံမှန် သိန်း ၅၀ ရတယ်ဆိုရင် ၇၀ ဖြစ်ရင်လဲဖြစ်မှာပေါ့၊ ၁၀ဝ ဖြစ်ရင်လဲဖြစ်မှာပေါ့၊ အဲ့တာကတော့ ဘုရားဖူးပေါ်မှာ မူတည်တယ်''ဟု မဟာမုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ပြောသည်။ 

 


မဟာမုနိရုပ်ရှင်တော်မြတ် ရွှေမိုက်ထုတ်ယူမှုမှ ရွှေစင်က ပိဿာ ၇ဝ ဝန်ကျင်ရှိပြီး ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် တင်ဒါများခေါ်ယူခဲ့ရာ ရေသပ္ပါယ်ခြင်း၊  လိပ်ကန်ငါးကန်၊ camera ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ ယာဉ်အပ်နှံခ စသဖြင့် တင်ဒါအမျိုးအစား ၁၅ ခုရှိကြောင်း သိရသည်။ 

 


တက်ဒါခေါ်ယူခြင်းမှ ရရှိငွေမှာ ငွေကျပ် သိန်း ၈၀ဝ၀ ကျော်ရှိကြောင်း သိရသည်။ 

 


အိမို့မို့ခိုင်