မဟော်ဂနီအစေ့ (သို့မဟုတ်) sky fruits စားသုံးခြင်းကြောင့် အသည်းရောဂါ ရရှိနိုင်ကြောင်း တွေ့ရှိ

စင်ကာပူနိုင်ငံမှာ မဟော်ဂနီအစေ့ (သို့မဟုတ်) swietenia sky fruits (သို့မဟုတ်) sky fruits လို့ လူသိများတဲ့ အစေ့အဆံကို စားသုံးခြင်းနဲ့ ဆက်နွယ်ပြီး အသည်းရောဂါ ခံစားနေရသူ ၇ ဦး ကို တွေ့ရှိကြောင်း ကျန်းမာရေးသိပ္ပံမှ တာဝန်ရှိသူက ဒီကနေ့ပြောကြား လိုက်ပါတယ်။ 

 

 

အရှေ့တောင်အာရှမှာ နေထိုင်သူတွေဟာ မဟော်ဂနီအစေ့ကို စားသုံးခြင်းဟာ သွေးထဲက သကြားဓါတ်ကို ထိန်းသိမ်းပေးသလို သွေးတိုးခြင်းကို ထိန်းချုပ်ပေးနိုင်တယ်လို့ ယူဆတဲ့အတွက် စားသုံးလေ့ရှိပါတယ်။ ဒါပေမယ့် ဘယ်လေ့လာချက်ကမှ မဟော်ဂနီစေ့ စားခြင်းက လူသားတွေအတွက် ကောင်းကျိုးရှိတယ်၊ စားသုံးခြင်းက အန္တရာယ် မဖြစ်စေဘူးဆိုတာ ပြောကြားထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ 

 

လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက မဟော်ဂနီစေ့ စားသုံးခြင်း သို့မဟုတ် ဆေးလုံးပုံစံပြောင်းပြီး သောက်သုံးခြင်းနဲ့ ဆက်နွယ်ပြီး အသည်းရောဂါ ခံစားရသူတွေကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ယခုတွေ့ရှိတဲ့ ဝေဒနာရှင် ၇ ဦး အနက် ၅ ဦးက ဆေးရုံမှာ ဆေးကုသခံယူနေပါတယ်။ ဝေဒနာရှင်တွေက အသက် ၄၀ မှ ၇၀ ကြားတွေဖြစ်ပြီး  မဟော်ဂနီစေ့ကို စားသုံးပြီး ရက် ၃၀ မှ ၄၅ ရက်အတွင်း ရောဂါဝေဒနာ လက္ခဏာကို ပြပေမယ့် တစ်ဦးကတော့ စားသုံးပြီး ခြောက်လ ကျော်မှ ရောဂါ လက္ခဏာကို ပြသခဲ့ပါတယ်။ 

 

မဟော်ဂနီစေ့ (သို့မဟုတ်) ဆေးလုံးကို စားသုံးများက နေထိုင်မကောင်းတာမျိုး၊ အသည်းအနာရလို့ မူးဝေနေတာမျိုး၊ မစားချင် မသောက်ချင် ဖြစ်နေတာမျိုး၊ မူးနောက်နောက် ဖြစ်တာမျိုးနဲ့ ဆီးအရောင်ပြောင်းတာမျိုးအပြင် အသားအရေနဲ့ မျက်လုံးအဖြူရောင်ကနေ အဝါရောင် ပြောင်းတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ကြောင်း သိရပါတယ်။ 

 

MDN