မဟေသီအမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးငွေစုငွေချေး သမဝါယမအသင်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးအတွက် အလှူငွေလှူဒါန်း

မော်လမြိုင်  ၃  နိုဝင်ဘာ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မဟေသီ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမ အသင်းမှ အသင်း၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် အသင်းအမှုဆောင်များနှင့် အသင်း သားများစုပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီးသို့ လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် မဟေသီအမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးငွေစုငွေချေး သမဝါယမအသင်း လီမီတက်မှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် (၃)သိန်းကို မော်လမြိုင်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးကလျာမှ အသင်းကိုယ်စား မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီးသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)