မိဘမဲ့ကလေးများ ရန်ပုံငွေ ရုပ်ရှင်၊ ဂီတ၊ အနုပညာ ဖျော်ဖြေပွဲ ကျင်းပမည်

ရန်ကုန် ၉ မတ်

 


အဆိုပါ ဖျော်ဖြေပွဲတွင် လူမင်း၊ ခန့်စည်သူ၊ ပြေတီဦး၊ ကျော်ကျော်ဗိုလ်၊ မြင့်မြတ်၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ စိုးမြတ်သူဇာ၊ ဖူးစုံ၊ မေကဗျာ၊ ဝတ်မှုံရွှေရည်၊ ရွှေမှုံရတီ၊ အိချောပို၊ ရွှေသမီး၊ ပိုင်ဖြိုးသုနှင့် ရုပ်ရှင်သရုပ်ဆောင်များစွာ ပါဝင်သော “ဘွ ဘွ ဘွ” ပြဇာတ် ဖြင့် ကပြဖျော်ဖြေကြမည်ဖြစ်သည်။

 


အလားတူ ရန်အောင်၊ ဘိုဖြူ၊ စိုးသူ၊ Rဇာနည်၊ မျိုးကျော့မြိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ထူးအယ်လင်း၊ ရဲလေး၊ ဟဲလေး၊ ACID၊ ရိန်မိုး၊ အောင်ထက်၊ THE FOUR၊ မို့မို့၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ စိုးပြည့်သဇင်၊ MARY၊ SOPHIA, ဝိုင်းလေး၊ ဂီတမိတ်နှင့် အနုပညာရှင်ပေါင်းများစွာတို့မှ တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက် သီဆိုသွားမှာ ဖြစ်ပါတယ်။

 


ဖျော်ဖြေပွဲကြီးကို ဝင်ကြေးအနေနဲ့ သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းနှင့် ငါးထောင် အသီးသီး သတ်မှတ်ထားပြီး ရရှိလာတဲ့ငွေကြေးများကို မိဘမဲ့ကလေးငယ်များအား ပြန်လည်လှူဒါန်းသွားမှာ ဖြစ်သည်။

 


အဆိုပါ မိဘမဲ့ကလေးများရန်ပုံငွေ ရုပ်ရှင်၊ ဂီတ၊ အနုပညာ ဖျော်ဖြေပွဲကြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 


MDN