မီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ်သမားများ၏ ဝါဒဖြန့်ချိမှုများနှင့် သတင်းအဆိပ်ခတ်နေမှုများ

သတင်းဆောင်းပါး - မင်းခန့်

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲက မဖုံးနိုင်မဖိနိုင် မဲလိမ်/မဲခိုးမှုတွေနဲ့ ဥပဒေဖောက်ဖျက်မှုတွေကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခေတ္တအာဏာထိန်းထားရတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အိမ်စောင့်အစိုးရကို ဆန့်ကျင်နေကြတဲ့ ပြည်တွင်း ပြည်ပ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေက မီဒီယာအမည်ခံပြီး ဝါဒဖြန့်ချိနေမှုတွေကို “သတိပြုရမည့် စိတ်ဓာတ်စစ်ဆင် ရေးစစ်ပွဲနှင့် သတင်းအတု သတင်းအမှားများ၏အန္တရာယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၃-၅-၂၀၂၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွေမှာ ဆောင်းပါးရေးသားဖော်ပြခဲ့ပါတယ်။ ယခုအခါမှာ ထိုဆောင်းပါး ကို ရုရှားနိုင်ငံရဲ့ ပညာရပ်ဆိုင်ရာမဂ္ဂဇင်း Internauka နဲ့ ai-news.ru ဆိုတဲ့ သတင်းစာမျက်နှာတွေမှာ ရုရှားဘာသာနဲ့ ထည့်သွင်းဖော်ပြခဲ့တာကို တွေ့ရပါတယ်။

ရုရှားနိုင်ငံရဲ့   ပညာရပ်ဆိုင်ရာမဂ္ဂဇင်းတွေနဲ့ အင်တာနက်သတင်းစာမျက်နှာတွေမှာ ဒီဆောင်းပါး ကို ပြန်လည်ဖော်ပြရတဲ့ အကြောင်းအရင်းကတော့ ရုရှား-ယူကရိန်းစစ်ပွဲမှာလည်း  အနောက်မီဒီယာ များက   သတင်းအတု၊    သတင်းအမှားတွေကို အသုံးချပြီး   သတင်းမီဒီယာစစ်ပွဲဆင်နွှဲနေကြတဲ့ အတွက် မြန်မာနိုင်ငံကသတင်းစာတွေမှာ ဖော်ပြခဲ့ တဲ့ ဆောင်းပါးအတိုင်းပဲ တူညီတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်ခံနေရလို့ဖြစ်ကြောင်း   သိရှိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလို နိုင်ငံငယ်လေးတွေသာမက ရုရှားလို အင်အားကြီးနိုင်ငံတွေကိုပါ ဒီလိုသတင်း အတု၊ သတင်းအမှားတွေကို အသုံးချပြီး ဝါဒဖြန့် တိုက်ခိုက်ခံနေရတယ်ဆိုတာ ထင်ရှားတဲ့သက်သေ သာဓက ဖြစ်ပါတယ်။

စနစ်တကျအကွက်ချ ဆောင်ရွက်နေ

၂၁ ရာစုမှာ သတင်းအချက်အလက်နဲ့ နည်းပညာ (Information Technology)    အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အတူ  နည်းပညာနဲ့ ငွေကြေး အားသာချက်ကို အသုံးချပြီး ဆိုရှယ်မီဒီယာတွေကနေ တစ်ဆင့် ဝါဒဖြန့်ချိခြင်းတွေကို စနစ်တကျအကွက်ချ  ဆောင်ရွက်နေတာမြင်တွေ့ရမှာ      ဖြစ်ပါတယ်။ ကျွန်တော်တို့    မြန်မာနိုင်ငံမှာလည်း    နိုင်ငံရေး အပြောင်းအလဲအခြေအနေကို   အမြတ်ထုတ်ပြီး ဝါဒဖြန့်ချိမှုတွေကို  အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြပါ တယ်။ ဘယ်လိုအကွက်ချပြီး စနစ်တကျဆောင်ရွက် ခဲ့ကြတယ်ဆိုတာကို  ဒီဆောင်းပါးမှာ  ကျွန်တော် ထပ်မံရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲ စတင်ချိန်မှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရဲ့ မဲလိမ်/မဲခိုးမှုတွေနဲ့ ဥပဒေ ချိုးဖောက်မှုတွေကြောင့် တပ်မတော်က နိုင်ငံတော် အာဏာကို အခြေခံဥပဒေအရ ဝင်ရောက်ထိန်းသိမ်း ရတဲ့ အကြောင်းတရားအမှန်ကို ပုံဖျက်ပြီး စစ်တပ်က  မတရားအာဏာသိမ်းတယ်ဆိုတဲ့ အတွေးအခေါ် အယူအဆကို ပြည်သူတွေအကြားမှာ လျင်လျင် မြန်မြန်ပျံ့နှံ့သွားအောင်  သတင်းအချက်အလက် ပုံဖျက်ခြင်း   (Disinformation)နဲ့   ၎င်းတို့ရဲ့ အယူအဆမှား/သတင်းမှားတွေကို     ပျံ့နှံ့စေခြင်း (Misinformation Floating)ဖြစ်အောင် ဆိုရှယ် မီဒီယာတွေနဲ့ ၎င်းတို့ကြိုတင်မွေးမြူ တည်ဆောက် ထားကြတဲ့ ကွန်ရက်တွေကနေတစ်ဆင့် ဆောင်ရွက် ကြပါတယ်။ NLD အစိုးရရဲ့ မဲလိမ်/မဲခိုးမှုတွေကို ဖော်ပြရေးသားကြတဲ့    ပြည်သူတွေရဲ့   အသံတွေ၊ အကောင့်တွေနဲ့      စာမျက်နှာတွေကိုလည်း Facebook Newsfeed Algorithm ရဲ့ အကူအညီ၊ FB Team က မြန်မာစကားတတ်ကျွမ်းသူတွေရဲ့  အကူအညီနဲ့ ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်းတွေကို တစ်ပြိုင်နက် ဆောင်ရွက်စေခဲ့ပါတယ်။

တစ်ပြိုင်တည်းမှာပဲ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့်  သွားလာမှုကန့်သတ်ထိန်းချုပ်ထားရတဲ့ အခြေအနေကြောင့် စိတ်မွန်းကျပ်နေတဲ့ ပြည်သူ လူထုကို ထွက်ပေါက်အနေနဲ့ ပုံစံအမျိုးမျိုးနဲ့လမ်းပေါ် ထွက်လာအောင် ဆွဲထုတ်ခဲ့ကြပါတယ်။ ဒါကလည်း တိုက်ဆိုင်မှုမဟုတ်ဘဲ အမေရိကန်နိုင်ငံသား ဂျင်းရှပ် (Gene Sharp) ရေးသားထားတဲ့ From Dictatorship to Democracy ဆိုတဲ့ စာအုပ်ထဲက နည်းနာတွေ အတိုင်း အစီအစဉ်တကျ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါ တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ပြည်သူ လူထုကြီး မြင်တွေ့လိုက်ရတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးစုံ၊ လူစိတ်ဝင်စားမယ့်      အဖော်အချွတ်ပုံစံမျိုးစုံနဲ့ လမ်းပေါ်ထွက်လာကြတာတွေ၊ သံပုံးတီးကြတာတွေ က  ဂျင်းရှပ်ရဲ့  နည်းနာတွေပဲ ဖြစ်ပါတယ်။ ဒီလို နည်းနာတွေနဲ့ လူထုရဲ့ Social Psychology ကို အချိန်ကိုက်အသုံးချခဲ့တယ်လို့      ဆိုနိုင်ပါတယ်။   ဒီလိုလှုံ့ဆော်ချိတ်ဆက်မှုတွေအားလုံးရဲ့      အဓိက လမ်းကြောင်းက ဆိုရှယ်မီဒီယာတွေပဲ ဖြစ်ပါတယ်။

GenZ လေးတွေရဲ့ လူငယ်သဘာဝ
တက်ကြွတဲ့စိတ်အခံကို အသုံးချခဲ့ကြ

တကယ်တော့ ဂျန်ဇီး(GenZ)လို့ အမည်လှလှ လေးတပ်ပေးလိုက်တဲ့ လူငယ်ထုဟာ ၂၀၁၀ ပြည့်နှစ် ကစလို့  မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ      ဒီမိုကရေစီအသွင်းကူးပြောင်းမှု နောက်ပိုင်းမှာ အရွယ်ရောက်ခဲ့သူတွေဖြစ်ပြီး အိုင်တီ နည်းပညာတွေနဲ့ နီးစပ်တဲ့ မျိုးဆက်တစ်ခုဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပွင့်လင်း လွတ်လပ်လာတဲ့ သတင်းမီဒီယာနဲ့ နိုင်ငံရေးအခြေ အနေကို အမြတ်ထုတ်ပြီး ၎င်းတို့အလိုကျ အတွေး အခေါ်တွေ၊ ယဉ်ကျေးမှုတွေနဲ့ နီးစပ်ပေးခြင်းခံခဲ့ရတဲ့ မျိုးဆက်လို့လည်း ဆိုနိုင်ပါတယ်။ GenZ လေးတွေရဲ့ လူငယ်သဘာဝ တက်ကြွတဲ့စိတ်အခံကို အသုံးချခဲ့  ကြပါတယ်။

ပုံစံမျိုးစုံဆန္ဒပြမှုတွေနဲ့အတူ ပေါ်ထွက်လာ တာက  အစိုးရယန္တရား    မလည်ပတ်နိုင်အောင်နဲ့ ပျက်စီးသွားအောင် အစိုးရဝန်ထမ်းတွေ ရုံးမတက် ကြဖို့ CDM လှုံ့ဆော်မှုတွေဖြစ်ပါတယ်။ တကယ်တော့ ဝါဒဖြန့်ချိသူတွေဟာ CDM လုပ်လာမယ့် ဝန်ထမ်း တွေကို တာဝန်ယူပေးနိုင်မှာမဟုတ်ပေမယ့်လည်း အများကြိုက်  ငွေကြေးမက်လုံးနဲ့  ဆွဲဆောင်မှုတွေ၊ ရာထူး/နေရာနဲ့ ဆွဲဆောင်မှုတွေနဲ့ လူကြိုက်များ အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာပေါ် မှာ CDM မအောင်မြင်နိုင်ကြောင်း သုံးသပ်ရေးသားပြ ခဲ့သူတွေရှိပေမယ့် သူတို့ရဲ့စကားသံက ကန့်သတ် ထားခြင်းခံရတာကြောင့် ထင်တိုင်းမပေါက်ခဲ့ကြပါ ဘူး။ ယခုလက်တွေ့မှာတော့ CDM ဆိုတဲ့ အသံတွေ တိုးတိတ်သွားပြီး   NUG   အကြမ်းဖက်အဖွဲ့နဲ့ လေလှိုင်းပေါ်က   လူသတ်သမားတွေဟာ   CDM သမားတွေကို   ပစ်ပယ်လိုက်ကြပါပြီ။   သူတို့ရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုတွေကို ယုံကြည်မိခဲ့တဲ့ ဝန်ထမ်း တချို့နယ်စပ်မှာ  ဘဝပျက်စီးနေကြပြီး  မိသားစု ဘဝတွေလည်း  ကြေမွသွားခဲ့ကြပါတယ်။ နစက အစိုးရကတော့     ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ပြန်လည်ခေါ်ယူမှုတွေ ဆောင်ရွက်နေတာတွေ့ရလို့ ဝမ်းသာမိပါတယ်။

စနစ်တကျ လမ်းကြောင်းပြောင်းလဲပေးခဲ့ကြ

CDM  လှုံ့ဆော်မှုတွေ  မအောင်မြင်နိုင်မှန်း သိလိုက်တဲ့အချိန်မှာတော့      အနောက်အုပ်စုနဲ့ ပြည်ဖျက်မီဒီယာတွေအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေ တဲ့ ပြည်သူကို ဆိုရှယ်မီဒီယာတွေကနေ လှုံ့ဆော်ပြီး အကြမ်းဖက်ဆောင်ရွက်မှုတွေဆီ      စနစ်တကျ လမ်းကြောင်းပြောင်းလဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ အချိန်ကိုက်ပဲ    အမေရိကန်နိုင်ငံသားတစ်ဦးက မြန်မာလူငယ်တွေကို အွန်လိုင်းကနေ အကြမ်းဖက် သင်တန်းတွေပေးခဲ့ပြီး အကြမ်းဖက် NUG အဖွဲ့က ဆာဆာတက်ရောက်ခဲ့တဲ့  အထောက်အထားကို စင်ကာပူအခြေစိုက်မီဒီယာတစ်ခုက ဖော်ထုတ်ခဲ့ပါ သေးတယ်။ သူတို့အသုံးချခဲ့ကြတာက ပညာအခြေခံ နည်းပါးသူတွေ၊ NLD ကို ထောက်ခံတဲ့ နိုင်ငံရေး အစွန်းရောက်သူတွေနဲ့ ဖျက်လိုဖျက်ဆီးစိတ်ဓာတ် အခံရှိသူတွေကို ရှေ့တန်းတင်စည်းရုံးပြီး နိုင်ငံနဲ့ အဝှမ်း     အကြမ်းဖက်လုပ်ရပ်တွေ   ဆောင်ရွက်ဖို့ လှုံ့ဆော်ဝါဒဖြန့်ချိခဲ့ကြပါတယ်။ ဒါကြောင့်လည်း အပြစ်မဲ့ဝန်ထမ်းတွေနဲ့ ပြည်သူလူထုကို ဒလန်လို့ စွပ်စွဲပြီး အကြောင်းမဲ့အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံမှာ    ဖြစ်ပွားနေတဲ့    အကြမ်းဖက်မှုတွေရဲ့ တရားခံအစစ်က ပြည်တွင်း ပြည်ပ မီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ်သမားတွေ ဖြစ်ပါတယ်။

နောက်ထပ်     သိသာထင်ရှားတာတစ်ခုက အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်လူငယ်တွေ ပညာရေးအတွက် စာသင်ကျောင်းတွေ၊ တက္ကသိုလ် တွေ ပြန်လည်ဖွင့်လှစ်ပေးတဲ့အချိန်မှာ ကလေးတွေ ကျောင်းမတက်ကြအောင်၊ ကျောင်းမတက်ရဲကြ အောင်   အမျိုးမျိုးလှုံ့ဆော်ဝါဒဖြန့်ခဲ့ကြပါတယ်။ မြေပြင်မှာလည်း စာသင်ကျောင်းတွေကို ဗုံးခွဲတာ၊ မီးရှို့တာတွေကို တစ်ပြိုင်နက်ကျူးလွန်ခဲ့ကြပါတယ်။ သို့ပေမယ့်လည်း အစိုးရရဲ့ စေတနာအမှန်နဲ့ မြန်မာ နိုင်ငံအနာဂတ်လူငယ်တွေရဲ့        ပညာရေးကို နားလည်တဲ့ မိဘပြည်သူတွေကြောင့် သူတို့ရဲ့ဝါဒ ဖြန့်ချိမှု ရာနှုန်းပြည့်မအောင်မြင်ခဲ့ဘဲ ကျောင်းသား/ကျောင်းသူအများစု ကျောင်းပြန်တက်နေကြတာ ဝမ်းသာစရာမြင်ကွင်းပဲ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ ပညာရေးမှာသာမက စစ်ရေးမှာ လည်း  သတင်းအဆိပ်ခတ်မှုတွေ၊ ဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်နေကြတာပါပဲ။       လတ်တလော တပ်မတော်ရဲ့ ဥကရစ်ထစခန်းကို ပြည်ပငွေကြေး ထောက်ပံ့မှုနဲ့   PDF   လေးတွေကို   အသုံးချပြီး တိုက်ခိုက်ခဲ့ပေမယ့်လည်း KNDO နဲ့ PDF တွေ စခန်းသိမ်းလို့မရဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ကြ ပါတယ်။ သို့ပေမယ့်လည်း ဒီစခန်းကို စတင်တိုက် ခိုက်တဲ့အချိန်မှာပဲ   စခန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ကြိုတင်ဝါဒဖြန့်ခဲ့ကြပြီး   သေဆုံးသွားတဲ့  PDF နဲ့ KNDO အလောင်းတွေကို စုပုံပြီး တပ်မတော်ဘက်က ကျဆုံးလေသယောင်     ဝါဒဖြန့်နေကြတာပါပဲ။ တကယ်တော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ ဟာ  မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေအတွက်တော့ အရှုံးကြီးပဲဆိုတာကို နားလည်တဲ့အတွက် နစက အစိုးရကတော့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုကို တစိုက်မတ်မတ်  ဆောင်ရွက်နေတာကို  တွေ့ရပါ တယ်။ နစကဥက္ကဋ္ဌက ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ် သတ်မှတ်ထားချက်က နစကအစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို       ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။             


အထက်မှာဖော်ပြခဲ့သလို      ပြည်သူတွေကို သတင်းမှားတွေနဲ့ လှုံ့ဆော်တာ၊  အဆိပ်ခတ်တာ များလာတဲ့အတွက်  အမှန်တရားကို   လိုလားတဲ့ ပြည်သူတွေထဲကပဲ        စနစ်တကျ    စောင့်ကြည့် မှတ်တမ်းတင်နေတဲ့အဖွဲ့တွေရှိလာပါတယ်။ ဒီအဖွဲ့ တွေထဲက Fact Check ဆိုတဲ့   အဖွဲ့ကတော့ အတော်လေး   တစိုက်မတ်မတ် ဆောင်ရွက်နေ တာကို တွေ့ရပါတယ်။ ဒီအဖွဲ့ကဖော်ထုတ်ထားတဲ့ အချက်အလက်တွေအရ ပြည်ပအထောက်အပံ့ယူ ပြီး ဆောင်ရွက်နေကြတဲ့ ပြည်တွင်း/ပြည်ပ မီဒီယာ များဖြစ်တဲ့   DVB၊   Khit  Thit၊   Mizzima နဲ့ Ayeyarwaddy Times အပါအဝင် အခြားသော သတင်းမီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ် သမားများရဲ့ လုပ်ကြံသတင်းအတု/ သတင်းအမှား/ သတင်းအမှန်တွေကို  ရှင်းရှင်းလင်းလင်း  သိရှိပါ တယ်။  Fact Check အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဇွန်လတစ်လအတွင်းမှာ ပြည်ဖျက်မီဒီယာတွေကနေ ထုတ်လွှင့်နေတဲ့ လုပ်ကြံသတင်းအတု ၃၅၆ ပုဒ်၊ သတင်းအမှား  ၈၇  ပုဒ်၊  သတင်းအမှန် ၁၂၇ ပုဒ် ရှိကြောင်း   တွေ့ရှိရလို့  အဆိုပါ   မီဒီယာတွေကနေ ထုတ်လွှင့်ရေးသားချက်တွေရဲ့ ၄ ပုံ ၃ ပုံက အမှား တွေ ဖြစ်တယ်ဆိုတာကို ပြည်သူတွေ သိရှိနားလည် စေချင်ပါတယ်။

လုပ်ကြံသတင်းအတု

နံပါတ်(၁)အဝါရောင်လေးနဲ့  ဝိုင်းပြထားတဲ့ “လုပ်ကြံသတင်းအတု” ဆိုတာက ဖြစ်စဉ်လုံးဝမရှိဘဲ မြေပြင်မှာ အမှန်တကယ်ဖြစ်နေသလိုမျိုး ဓာတ်ပုံ၊ ဗီဒီယိုတွေကို   ဖြတ်ညှပ်ကပ်ပြုလုပ်ပြီး   လုပ်ကြံ ဖန်တီးရေးသားထားတဲ့  သတင်းတွေဖြစ်ပါတယ်။ PDF အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ် ပေမယ့် PDF လုပ်တယ်လို့မပြောဘဲ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက လုပ်ဆောင်သလိုမျိုး မီဒီယာတွေပေါ်မှာ တင်တဲ့ သတင်းတွေဖြစ်ပါတယ်။ နံပါတ်(၂) အစိမ်း ရောင်လေးနဲ့ဝိုင်းပြထားတဲ့ “သတင်းအမှား” ဆိုတာ ကတော့ လက်တွေ့မြေပြင်မှာ ဖြစ်စဉ်အမှန်တကယ် ဖြစ်ခဲ့ပေမယ့် တစ်စိတ်ကိုတစ်အိတ်လုပ်ပြီး ပိုပြော ထားတဲ့  သတင်းဖြစ်စဉ်တွေပဲ  ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်အမှန်တွေကြားမှာ  သတင်းဖတ်သူတွေကို ဇဝေဇဝါဖြစ်စေမယ့် သူတို့ဖြစ်စေချင်တဲ့ အကြောင်း အရာတွေ၊ အတွေးအခေါ်တွေကို ထည့်သွင်းရေးသား ထားတဲ့ “သတင်းအမှား”များ ဖြစ်ပါတယ်။

ငါနဲ့မတူငါ့ရန်သူ

ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းအတု၊ သတင်း အမှားတွေကို Fact Check အဖွဲ့ရဲ့ စိစစ်ချက်အရ PDF အကြမ်းဖက်အဖွဲ့တွေဟာ NUG အဖွဲ့ရဲ့ စေခိုင်း ချက်အတိုင်း “ငါနဲ့မတူငါ့ရန်သူ” ဆိုပြီး သူတို့ကို မထောက်ခံတဲ့ အပြစ်မဲ့ပြည်သူလူထုကို ပစ်မှတ်ထား ပြီး အကြောင်းမဲ့သတ်ဖြတ်နေတာကို တွေ့ရပါ တယ်။ ဒီလိုသတ်ဖြတ်ကြတဲ့ သတင်းတွေမှာလည်း အပြစ်မဲ့ပြည်သူတွေကို ဒလန်ဆိုပြီး စွပ်စွဲဖော်ပြထား ကြောင်း တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေကို ကြည့်ရမယ်ဆိုရင် အေးချမ်း စွာနေထိုင်တဲ့ပြည်သူတွေဟာ ၎င်းတို့ရဲ့ လူမှုဘဝ အဆင်ပြေဖို့   ရိုးရိုးရှင်းရှင်း   ဖြတ်သန်းနေချိန်မှာ ကြောက်စိတ်တွေ လွှမ်းမိုးလာအောင် PDF အကြမ်း ဖက်သမားတွေက ရက်ရက်စက်စက် သတ်ဖြတ်ပြ  နေကြတာကို မီဒီယာတွေကနေတစ်ဆင့် လှုံ့ဆော် ပေးနေတာဖြစ်ပါတယ်။  သူတို့ရဲ့သတ်ဖြတ်မှုတွေ ဟာ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ၊ ဘုန်းကြီး၊ သီလရှင်မခွဲခြားတော့ဘဲ သူတို့ကိုမထောက်ခံတဲ့သူ မှန်သမျှကို   ဒလန်လို့စွပ်စွဲပြီး   သတ်ဖြတ်နေကြ ခြင်းဖြစ်ပါတယ်။  နယ်မြို့တွေမှာရှိတဲ့ ပြည်သူတွေ ဆိုရင် နေအိမ်တွေပါ မီးရှို့တဲ့အထိ PDF တွေက ရက်စက်ကြပါတယ်။ ဒီလို PDF တွေရဲ့ ရက်စက်မှု တွေကိုလည်း ဒေါ်လာစားမီဒီယာအမည်ခံ လေလှိုင်း ပေါ်ကလူသတ်သမားတွေနဲ့ အောက်လုံးထိုးသမား တွေက အမြဲဖုံးကွယ်ထားကြပါတယ်။

ပြည်ဖျက်မီဒီယာများ

ဒါကြောင့် ဒီလိုငွေမျက်နှာတစ်ခုတည်းကြည့် ပြီး  လုပ်ကြံသတင်းအတု၊  သတင်းအမှားတွေကို သတင်းအဆင့်အတန်းမရှိစွာနဲ့    ထပ်ကာတလဲလဲ ရေးသားဖော်ပြနေတဲ့ မီဒီယာအမည်ခံ သတင်းဌာန တွေကို ပြည်ဖျက်မီဒီယာများ၊ ကျင့်ဝတ်သိက္ခာမရှိ သော  ဝါဒမှိုင်းတိုက်နေတဲ့မီဒီယာများ၊ သတင်း ရောင်းစားသူများ၊ လေလှိုင်းပေါ်က လူသတ်သမား များအဖြစ် သတ်မှတ်ရခြင်းဖြစ်ပါတယ်။ အမှန်တော့ မီဒီယာအမည်တောင် ခံယူထိုက်သူတွေ မဟုတ်ပါ ဘူး။   တကယ့်မီဒီယာသမားစစ်စစ်တွေအတွက် သိက္ခာကျရပါတယ်။ သူတိုရဲ့ အဓိကရည်ရွယ်ချက်က သတင်းအတု၊ သတင်းအမှားတွေကို ပြည်သူတွေ ယုံမှားပြီး  အချင်းချင်းစည်းလုံးညီညွတ်မှု ပြိုကွဲ အောင်၊  ပြည်သူနဲ့ တပ်မတော်ကြား သွေးကွဲအောင်၊ အမြင်မကြည်အောင်  လုပ်ဆောင်နေခြင်းဖြစ်တဲ့ အတွက် သတင်းဖတ်ရှုကြတဲ့ ပြည်သူတွေအနေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့     သတင်းအမှားတွေကို မယုံကြည်ဖို့နဲ့ Social Media ပေါ်ရှိ သတင်းတွေကို ချင့်ချိန်ပြီးယုံကြပါလို့ စေတနာရှေ့ထားပြီး ရေးသား တင်ပြလိုက်ရပါတယ်။       ။