မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

သရက်ချောင်း ၁ မတ်


တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာတွင် ယမန်နေ့ ည ၈ နာရီခွဲက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကင်းရှေ့ကျေးရွာနေ ဒေါ်ထွေးစိန် (၄၆)နှစ်သည် ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာရှိ ရှင်မုတ္ထီးဘုရားတွင် မီးပူဇော်ပေးရန် သွားရောက်ခဲ့ရာ နေအိမ်မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ထရံအား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

‌ေ

 


မီးလောင်မှုကြောင့် ဒေါ်ထွေးစိန်၏ နေအိမ်မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ထွေးစိန်အား သရက်ချောင်း မြို့မရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။


မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။


မျိုးချစ်ဦး(ပြန်/ဆက်)