မီလန်ဖက်ရှင် သီတင်းပတ်ကို ဦးဆောင်နိုင်ခဲ့တဲ့ ဂျီဂျီဟာဒစ်

ဗစ်တိုးရီးယားစီးကရက်ထ် မော်ဒယ်လ်တစ်ဦးဖြစ်ပြီး ကျော်ကြားတဲ့ ကြယ်ပွင့် တစ်ဦးလည်းဖြစ်တဲ့ ဂျီဂျီဟာဒစ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းပြုလုပ်ခဲ့တဲ့ မီလန်ဖက်ရှင် သီတင်းပတ်မှာတော့ အများရဲ့အာရုံကို အဖမ်းစားနိုင်ဆုံးသော မော်ဒယ်လ်ဖြစ်ခဲ့ကြောင်း အီးအွန်လိုင်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရသိရပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာတော့ မီလန်ဖက်ရှင်သီတင်းပတ်ကို စတင်ခဲ့ရာ အသက် ၂၂ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဂျီဂျီဟာဒစ်က အရောင်အသွေးစုံလင်ရှိတဲ့ ဝတ်စုံဒီဇိုင်းပေါင်းများစွာကို ဝတ်ဆင်ကာ ပွဲထွက်ခဲ့တာကို တွေ့ရပါတယ်။ ဖက်ရှင်ရှိုးလျှောက်ရာမှာလည်း ဂျီဂျီဟာ ရှေ့တန်းနဲ့ အလယ်မှာနေရာရခဲ့ပြီး ဦးဆောင်လျှောက်လှမ်းခဲ့တာကိုလည်း တွေ့ရပါတယ်။

 

ယင်းဖက်ရှင်ပြပွဲမှာတော့ အီတလီ ဒီဇိုင်နာတွေရဲ့ လက်ရာတွေဖြစ်ကြတဲ့ ယခုနှစ်ရဲ့ နောက်ဆုံးပေါ်ဒီဇိုင်းတွေကို ဝတ်ဆင်ပြသခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။


အေးပြည့်