MISS & MISTER TOURISM AND CULTURAL UNIVERSE 2018 မှ နိုင်ငံတကာကိုယ်စားပြု ပြိုင်ပွဲဝင်များ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ လာရောက်တွေ့ဆုံ

နေပြည်တော် ၂ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပမည့် Miss & Mister Tourism and Cultural Universe 2018 ပြိုင်ပွဲ စီစဉ် ဆောင်ရွက်သည့်  Miss & Mister Tourism and Cultural Universe Company Limited ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးလမိုင်ရော်ဘင်နှင့် ပြိုင်ပွဲဝင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဆိုက်ဘေးရီးယား၊ ရုရှား၊ ပြင်သစ်၊ ကင်ညာ၊ ကွန်ဂို၊ ဖိလစ်ပိုင်၊ ဇမ်ဘီးယား၊ ကိုရီးယား၊ အီဂျစ်၊ မြန်မာနိုင်ငံများမှ ပြိုင်ပွဲဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဌာန ကျောက်စိမ်းခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်အား လာရောက်တွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။ ယင်းနောက် Miss & Mister Tourism and Cultural Universe 2018 ပွဲစီစဉ်ဆောင်ရွက်သော ကုမ္ပဏီ ကိုယ်စား Chief Operating Officer ဦးကျော်ကျော်ဦးက ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၃၅)နိုင်ငံမှ ကိုယ်စားပြု မောင်မယ်များဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ (ညောင်ဦး)၊ အင်းလေး (ညောင်ရွှေ)နှင့် ငွေဆောင်တို့တွင် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရန် ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင် စကားပြောကြားခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကိုယ်စား အမှုထမ်းတစ်ဦးမှ လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာမှပြိုင်ပွဲဝင်များအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)