မြိတ်၊ ကွမ်းလုံနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက်  နံနက် ၈ နာရီ မိနစ် ၂၀ တွင် မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ရှမ်းထိန်းကျေးရွာရှိ အောင်နိုင်ဝင်း၏ ဖူဆယ်ဘောလုံးကွင်းသို့  ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း၊ အလားတူ နံနက် ၈ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ ခရူတောရပ်ကွက်နေ ဇေယျာဖြိုး (ခ) စူလာမန်၏ နေအိမ်တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

ဒီဇင်ဘာ ၂၆ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံမြို့နယ်၊ တုံကျက်ကျေးရွာအုပ်စု၊ တာပန်ချောက်ကျေးရွာနေ လောက်တား၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ တို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင်  ကွတ်ခိုင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စု၊ နောင်ဗျက်ကျေးရွာ အနီးတွင် လိကွယ်တုန်းအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား