မြိတ်မြို့ ခုံမော်အရှေ့ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဝါးအခြေခံလက်မှုပညာ)သင်တန်း ဖွင့်လှစ်

မြိတ် ၂၆ ဧပြီ

 

ကျေးလက်နေ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် တစ်နိုင်တစ်ပိုင် သက်မွေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံလက်မှု ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု ခုံမော်အရှေ့ကျေးရွာရှိ သာသနာ့ဟိတကာရီ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူ း ဦးဆယ်မောင်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆောင်ရွက်နေသော အသက်မွေးဝမ်းကျောင်း(၉)မျိုးထဲမှ တစ်မျိုး အပါအဝင်ဖြစ်ပြီး လူထုအခြေပြု၍ ဆင်းရဲနွမ်းပါးမှုကို တစ်စိတ်တစ်ဒေသလျော့ချရန်နှင့် ဝါးများအား အကျိုးရှိစွာ အသုံးချတတ်စေပြီး ဝင်ငွေတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးမြင့်စိုးက သင်တန်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

သင်တန်းတွင် ဝါးနှင့်ပတ်သက်သည့်အခြေခံမှစပြီး ဝါးရုံထိန်းသိမ်းခြင်း၊ ဝါးစိုက်ပျိုးခြင်း၊ ဝါးမျို းစုဆောင်းခြင်း၊ ဝါးပရိဘောဂ အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ဝါးလက်မှုပညာရပ်များကို သင်ကြားပေးမည် ဖြစ်သည်။

 

အဆိုပါသင်တန်းသို့ မဇောကျေးရွာအုပ်စု၊ ခုံမော်အရှေ့နှင့် ခုံမော်အနောက်ကျေးရွာမှ အမျိုးသား(၄)ဦး၊ အမျို းသမီး(၁၆)ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတို့အား တနင်္သာရီတိုင်း အစိမ်းရောင်ကွန်ရက်(မြန်မာ)မှ သင်တန်းနည်းပြ ဆရာများဖြစ်သည့် ဦးမျိုးဦး၊ ဦးမြင့်စိုး၊ ဦးခင်ဇော်ဦး၊ ဦးဇေယျာမင်းနှင့် ကာယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဦးအောင်တေဇဖြိုးတို့က ဧပြီ ၂၅ ရက်မှ မေ ၉ ရက်အထိနေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅နာရီထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆယ်မောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မဇောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးလွင်နှင့် ကျေးရွာအထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူရွားသားများ၊ ခုံမော်အရှေ့နှင့် ခုံမော်အနောက်ကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)