မြိတ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ်  ၂၁  ဇွန်  

 

အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ထွက်ပေါ်လာရေး အတွက် Township Sports Development Program အစီအစဉ်ဖြင့် မြိတ်မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြိတ်ခရိုင်အားကစား ခန်းမတွင် ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲကို ဇွန်လ(၂၀)ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

 

ဗိုလ်လုပွဲကို MC 4 FC ကလပ်အသင်းနှင့် ရီးရဲလ် FC ကလပ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ အားကစား ဝါသနာရှင်များ၊ မြိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ရီးရဲလ် FC ကလပ်အသင်းက (၆)ဂိုး(၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

 

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ဒုတိယနှင့်ပထမရရှိသောအသင်းတို့မှ အားကစားသမားများ ကို လည်ဆွဲဆု၊ ငွေသားဆုများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုနောက် တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးခင်မောင်သန်းက ပေးအပ်ချီးမြှင့်ခဲ့သည်။  

 

ပြိုင်ပွဲကို ဇွန်လ(၁၃)ရက်မှ(၂၀)ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း(၈)သင်း ပြိုင်ပွဲဝင် အားကစား သမား(၈၀)ဦး ဝင်ရောင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ မြို့နယ်အဆင့်လက်ရွေးစင်အားကစားသမားများကို ပဏာမရွေးချယ်ခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

age IMG_94