မြိတ်မြို့နယ်နှင့်မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင်စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၈ ရက်ညနေ ၅နာရီခွဲက  မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာ၊ တက္ကသိုလ်ရပ်ကွက်၊ ဗာရာဏသီကျောင်းလမ်းမပေါ်တွင် မဇင်ဟေမာလွင်(ခ)မိဇင် မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းကိုင်ထားသည့် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၅နာရီ ၁၅မိနစ်တွင် မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ နတ်စင်လမ်းရှိ ၄င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း

 

ထို့အတူ ဒီဇင်ဘာ ၉ ရက်ညနေ ၆နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၄၂)ရန်ကုန်(အနောက်)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ပတ်လမ်း၊ ကန်တော်ကြီးဝင်ပေါက်၊ အမှတ်(၁)ဂိတ် အနီးတွင်တွေ့ရှိသူ မောင်လှ(ခ)အာမိရ်ဟူစိန်အားရှာဖွေရာ ၎င်း၏ကျောပိုးအိတ်အတွင်း မှ စိတ်ကြွရူးသွပ် ဆေးပြား ၉,၈၀၀ နှင့် လက်ကိုင်ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့်မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်