မြိတ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ပြုလုပ်

မြိတ် ၁၅  ဖေဖော်ဝါရီ

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်လူရွယ်များ စာပေဖတ်ရှုပြီး ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ(၁၅)ရက် နံနက်(၉)နာရီခွဲက စာရေးဆရာ ချစ်စံဝင်း၏ ကြီးပွားချမ်းသာလိုစိတ်မွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ် ခဲ့သည်။

 

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်‌ဒေးရှင်း (မြိတ်မြို့နယ်) ဉက္ကဋ္ဌ ဉီးဝင်းမြအောင် ဦးဆောင်၍ မြိတ်မြို့၏ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်နှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

စာဖတ်ဝိုင်းတွင် စာရေးဆရာ  ချစ်စံဝင်း၏ စာအုပ်ပါခေါင်းစဉ် (၁၃)ကို အဓိကထား၍ လူငယ်လူရွယ် များမှ မိမိပတ်ဝန်းကျင်တွင်တွေ့ကြုံရသော အောင်မြင်ကြီးပွားချမ်းသာနေသူများ၊  ကြီးပွားချမ်းသာရန် ထားရှိရမည့် စိတ်ဓာတ်၊ ကြီးပွားချမ်းသာလိုစိတ်ဖြင့်သာ လုပ်ငန်းများဆောင်ရွက်မှသာ အောင်မြင်နိုင်မည့် အကြောင်းအရာများကို တက်ရောက်လာကြသည့် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်း (မြိတ်မြို့နယ်) အဖွဲ့ဝင်များ၊ (Book Club) အဖွဲ့ဝင်များနှင့် လူငယ်လူရွယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)