မြိတ်မြို့တွင် လူမှုကွန်ယက်စာမျက်နှာ၌ မဟုတ်မမှန် သတင်းရေးသားသူအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉပဒေဖြင့် အရေးယူလျက်ရှိ

မြိတ်  ၁၆  ဧပြီ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ် - ၁၉ နှင့်ပတ်သက်၍ ဧပြီ ၁၆ ရက် နံနက်ပိုင်းက ပြည်သူများ အထိတ်တလန့်ဖြစ်စေမည့် မဟုတ်မမှန်သတင်းကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားတင်ပြခဲ့သူအား မြိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

မြိတ်မြို့ ကန်ကြီးရပ်ကွက် ဘုရားကြီးလမ်း မှ ကျော်ကျော်ခန့်သည် Myeik Mission Facebook Account ဖြင့် “ Eleven Myanmar က 15 ရက် 8:30 ၌ မြိတ်ဆေးရုံကြီးမှာ ဝူဟန်ဗိုင်းရပ်ပိုးရှိသူတစ်ယောက် တွေ့ရှိပါတယ်လို့ 100% မှန်ကန်မှုနှင့် သတိပေးကြေညာခဲ့ပါတယ် ခင်ဗျား” ဟု အများပြည်သူ အထိတ်တလန့်ဖြစ်အောင် ရေးသား တင်ပြခဲ့ကြောင်း သိရသည်။ 

 

ပြည်သူများ အထိတ်တလန့်ဖြစ်စေမည့် မဟုတ်မမှန်သတင်းကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားတင်ပြခဲ့သည့် ကျော်ကျော်ခန့်အား မြိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဉပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )