မြိတ်မြို့တွင် ယာယီသွယ်တန်းထားသော ဝါယာကြိုးရှော့ဖြစ်၍ နေအိမ်တစ်လုံး မီးလောင်

မြိတ် ၃၀  ဇူလိုင်  
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု တောင်ပြိုကျေးရွာ မြို့ပတ်(၁)လမ်းရှိ ဦးဘွာငယ် ပိုင်ဆိုင်သော အလျားပေ ၂၀၊ အနံပေ ၄၀ တိုက်ခံ၊ ပျဉ်ထောင်၊ ပျဉ်ခင်၊း ဓနိမိုး နှစ်ထပ်နေအိမ်တွင် ဇူလိုင်လ(၃၀)ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းအတွင်းသို့ ယာယီသွယ်တန်း ထားသော ဝါယာကြိုးရှော့ဖြစ်ပြီး အနီးရှိ မွေ့ယာ၊ ခေါင်းအုံးများသို့ ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုကို ပြည်သူတစ်ဦးမှ တယ်လီဖုန်းဖြင့် သတင်းပေးသဖြင့် မြို့နယ်မီးသတ်စခန်းနှင့် အရန် မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း(၂၀)စီးဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်အောင်ထွန်း ဦးဆောင်၍  သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ စုပေါင်း ငြိမ်းသတ်ခဲ့ကြရာ ည ၈ နာရီခွဲတွင် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်နှင့် အသုံးအဆောင်ပစ္စည်းအနည်းငယ် မီးလောင်ကျွမ်းခဲ့ပြီး မီးစတင်လောင်ကျွမ်းချိန်တွင် မီးသတ်ဆေးဗူးဖြင့် ကနဦးမီးငြိမ်းသတ် ထားခြင်းမရှိကြောင်း၊ မီးလောင်မှုတွင် တာဝန်ရှိသူ ဦးဘွာငယ်၏သား ဦးသန့်ဇင်အား ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )