မြိတ်နှင့်ကျောက်ဖြူ မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၈

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၆ ရက် ညနေ ၆နာရီတွင် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ တုံးဗျောကြီးကျေးရွာနေ မြတ်ကျော်(ခ)လာမ်မဇစ် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ အဝေးပြေးကားဝင်းရှိ ကားဂိတ်တွင် လူမဲ့တန်ဆာဖြင့် ရောက်ရှိနေသည့် ကတ်ထူပုံးကို လာရောက်ထုတ်ယူသူ ထွန်းကျော်ဝင်း၊ အောင်နိုင်(ခ)တွံတေးတို့ကို မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)