မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ

မိတ္ထီလာ  ၈   ဖေဖော်ဝါရီ 

 

မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ နံနက် ၉ နာရီအချိန်က ၎င်းတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

 

အဆိုပါ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရခြင်းအကြောင်းအား ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာလွင်လွင်မာဦး ပါမောက္ခ၊ ဌာနမှူး ( မြန်မာစာဌာန ) က ရှင်းလင်းပြောကြားသည်။ 

 

ဆက်လက်၍ ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကာယဗလမောင် ပြိုင်ပွဲတွင်  ပြိုင်ပွဲကျောင်းသား ၆  ဦး၊ ကာယအလှမယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသူ ၁၇ ဦးတို့ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်
နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။ 

 

ချမ်းသာ (မိတ္ထီလာ)