မိတ္ထီလာခရိုင်၌  ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ဧက ၄၇၅ ဧကနှင့် အထူးဇုန်စိုက်ဧက ၆၃၅ ဧက စိုက်ပျိုးပြီးစီး

မိတ္ထီလာ သြဂုတ် ၂၇

မိတ္ထီလာခရိုင်အတွင်းရှိ ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး Quick Win အစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် စိုက်ဧက ၄၇၅ ဧကနှင့် တိုင်းဒေသကြီးအစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါ အထူးဇုန်စိုက်ဧက ၆၃၅ ဧကတို့ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယင်းသို့ စိုက်ပျိုးရာတွင် Quick Win အစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်ဧက ၄၇၅ ဧကတွင်   ရွှေတောင်-၁၀ ဝါမျိုးဧက ၃၂၅ ဧကနှင့် ရွှေတောင်-၈ ဝါမျိုးဧက ၁၅၀ တို့ကို စိုက်ပျိုးထုတ်လုပ်ရာတွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် ရွှေတောင်-၁၀ ဝါမျိုးဧက ဧက ၁၀၀၊ မလှိုင်မြို့နယ်တွင် ရွှေတောင်-၁၀ ဝါမျိုးဧက ဧက ၁၅၀၊ သာစည်မြို့နယ်တွင် ရွှေတောင်-၈ ဝါမျိုးဧက ၁၅၀နှင့် ဝမ်းတွင်း မြို့နယ်တွင် ရွှေတောင်-၁၀ ဝါမျိုးဧက ၇၅ ဧကတို့ကို စိုက်ပျိုးရာ  ၎င်းမျိုးစေ့ထုတ်စိုက် တောင်သူများကို မျိုးဝါစေ့နှင့် လူးနည်ဆေးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းအပြင် တိုင်းဒေသကြီးအစီအစဉ်ဖြင့် မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါအထူးဇုန်စိုက်ဧက ၆၃၅ ဧကတွင် မိတ္ထီလာမြို့နယ်တွင် ဧက ၁၅၀၊ မလှိုင်မြို့နယ်တွင် ၁၅၄ ဧက၊ သာစည်မြို့နယ်တွင် ဧက ၁၅၀နှင့် ဝမ်းတွင်းမြို့နယ်တွင် ၁၈၁ ဧကတို့ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)