မိတ္ထီလာမြို့နယ်၌ မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာမှ လူနေအိမ် လေးလုံး အမိုးလန်ခြင်းနှင့် သစ်ပင်လဲ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွား

မိတ္ထီလာ   ၂၇  ဧပြီ 

 

မိတ္ထီလာမြို့နယ်၌ ဧပြီလ ၂၆ ရက် ည ၇ နာရီ ၄၅ မိနစ်က  မိုးရွာပြီး လေပြင်း တိုက်ခတ်မှု ကြောင့် ကျေးရွာနှစ်ရွာမှ လူနေအိမ်လေးလုံး အမိုးလန်ခြင်းနှင့် သစ်ပင်လဲ၍ လမ်းပိတ်ဆို့ခြင်းများဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 

မိတ္ထီလာမြို့နယ် ကြွယ်ကန်ကျေးရွာအုပ်စု သက္ကယ်ကျင်းကျေးရွာရှိ သွပ်မိုး၊ထရံကာ မြေစိုက်နေအိမ်၊ သုံးပေပတ်လည် သွပ်မိုး၊ထရံကာ မြေစိုက်နေအိမ်နှင့် သုံးပေပတ်လည် သွပ်မိုး၊ထရံကာနေအိမ်တို့၏ အမိုးများ လန်၍ပျက်စီးခဲ့သည့်အပြင် ကွက်ငယ်အုပ်စု ဒဟတ္တန်းကျေးရွာရှိ သုံးပေပတ်လည် ထရံကာသွပ်မိုး မြေစိုက်နေအိမ်၏ အမိုးလန်၍ ပျက်စီးခဲ့သည်။

 

520

 

၎င်းအပြင် ၂၆ ရက်နေ့ည ၁၀ နာရီ ၃၀မိနစ်တွင် မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် တော မကျေးရွာ မိတ္ထီလာ-တောင်ကြီး ကားလမ်းမပေါ်တွင် အချင်း တစ်ပေခွဲရှိ စိန်ပန်းပင်သည် လမ်းပေါ်သို့ လဲကျနေပြီး လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေသဖြင့် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက ၎င်းစိန်ပန်းပင် အား သွားရောက်၍ အမြန်ဆုံးခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် လေးလုံးအမိုးလန်ပျက်စီးခြင်းနှင့် သစ်ပင်လဲ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သော်လည်း လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း ခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။

           

သိန်းမြင့်ကျော်(မိတ္ထီလာ)