မိတ္ထီလာမြို့နယ်၌ သိန်း(၁၀၀)နှင့်အထက် လုပ်ငန်းများဖြစ်သည့် မြို့ပေါ်ရက်ကွက်အတွင်းရှိ လမ်း ( ၁၇ ) လမ်းကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်

မိတ္ထီလာ ၂၅  နိုဝင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်း ( ၁၇ ) လမ်းကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းများကို  ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့်အထက် တည်ဆောက်ရေးလုပ်ငန်း များအား အိတ်ဖွင့်တင်ဒါတင်သွင်း၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ ဆောင်ရွက်သွားမည်ဖြစ်ရာ  အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းကို အောက်တိုဘာ ၂၈ ရက်နေ့မှ စတင်၍ မြို့နယ်စည်ပင်သာယာရေးရုံးတွင် လျှောက်လွှာများရောင်းချပေးလျက်ရှိပြီး လျှောက်လွှာများကို နိုဝင်ဘာလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။ အဆိုပါ တင်ဒါခေါ်ယူရာတွင်လည်း လုပ်ငန်း(၁၀)မျိုးပါ Lot 1 နှင့် လုပ်ငန်း (၉)မျိုးပါ Lot 2   တင်ဒါနှစ်ခု ခေါ်ယူထားရှိပြီးဖြစ်ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းများကို  ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့်အထက် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ကတ္တရာခင်းခြင်းလုပ်ငန်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ၊ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများဆောင်ရွက်သွားဖြစ်သည်။  ၎င်းလမ်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို စက်မှုဇုန် (၄)လမ်း၊ ရန်မျိုးအောင် ဒုတိယလမ်းမတော်၊ မိတ္တဗလလမ်းထိပ်မှ ပါဠိတက္ကသိုလ်ဘုန်းတော်ကြီးကျောင်းရှေ့အထိ၊ မြို့မ(၄)ရပ်ကွက် စာတိုက်လမ်း၊ အောင်ဆန်း(မြို့သစ်) ရပ်ကွက် သမုန်းကုန်းလမ်း၊ နွားပွဲစျေးအဝင်လမ်း၊ ရန်ကျော်လမ်းနှင့်  ဗန္ဓုလလမ်း၊ အောင်ဇေယျာရပ်ကွက် နယ်မြေ(၇) ဝဇီယာလမ်း၊ သီရိလမ်းနှင့် ဘူတာဟောင်းလမ်းမကြီး၊ ပြည်သာယာတောင်(၄)လမ်း၊ နန်းတော်ကုန်းရပ်ကွက် သုခထီလာလမ်းသွယ်(၃)၊ ဝန်ဇင်းရပ်ကွက် စိတ္တရမဟီလမ်းနှင့် သီရိဇေယျာလမ်း၊ ပေါက်ချောင်းလမ်းမကြီး၊ ရန်ကုန်-မြင်းခြံလမ်းမှ ရန်ကုန်-မန္တလေးလမ်း(မိုးကောင်းဘုရားလမ်း)တို့ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းက ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)