မိတ္ထီလာတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံအမျိုးသမီး၊ အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာ ၅ ဖေဖော်ဝါရီ  


မိတ္ထီလာတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသမီး အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁ဝ နာရီက ၎င်းတက္ကသိုလ်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ ဘာသာရပ်ပေါင်းစုံဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲတွင် အမျိုးသမီးပြိုင်ပွဲ၌  ရူပဗေဒ အသင်းအား ဓာတုဗေဒအသင်းက အနိုင်ဗိုလ်စွဲခဲ့ပြီး အမျိုးသားပြိုင်ပွဲ၌ သင်္ချာအသင်းအား ပထဝီဝင် အသင်းက အနိုင်ရဗိုလ်
စွဲခဲ့သည်။ 


အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမ ဓာတုဗေဒ ၊ ဒုတိယ ရူပဗေဒ ၊ တတိယ သတ္တဗေဒနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမ ပထဝီဝင် ၊ ဒုတိယ သင်္ချာ ၊ တတိယ ဝိဇ္ဇာညွန့်ပေါင်း အသီးသီးဆုများရရှိခဲ့ပြီး ဆုရပြိုင်ပွဲဝင်အသင်းများအား တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်  ၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာကေသီသင် နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။  


ပြိုင်ပွဲကို ဇန်နဝါရီ ၃ဝ မှ ဖေဖော်ဝါရီ ၅ ရက်အထိ ကျင်းပခဲ့ပြီး အမျိုးသမီး ၇ သင်း အမျိုးသား ရှစ်သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၅ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ 


ချမ်းသာ( မိတ္ထီလာ)